>> English l Burmese l Chinese l Bahasa l Arabic l Hindi l Urdu
The Future is Now!! Come join the Global Health Network with US
အနာဂါတ်က ယခုသင့်လက်ထဲမှာ……
သင့်နိုင်ငံ၏ပြင်ပသို့ထွက်၍ ထိုင်းနိုင်ငံမှာ ပညာများဆက်လက်သင်ယူလှည့်ပါ……
အမေရိကန်နှင့်ချိတ်ဆက်ထားသည့် ကမ္ဘာ့လုံးဆိုင်ရာကျန်းမာရေးကွန်ရက်ဆီသို့
လာရောက်ချိတ်ဆက် လေ့လာကြည့်ပါ……
အင်္ဂလိပ်စာစွမ်းရည်ကောင်းမွန်ပြီး ဆက်နွယ်သည့်ဘာသာရပ်တွင် မဟာဘွဲ့ရရှိထားသော / မည်သည့်ဘာသာရပ်တွင် မဆို စိတ်ပါဝင်စားသူများ ယခုအချိန်မှစ၍ ၂၀၂၁
ခုနှစ် အောက်တိုဘာလ ၄ ရက် မတိုင်မှီတစ်ကြိမ်, ၂၀၂၂ ခုနှစ် ဖေဖာဝါရီလ ၁ ရက် မတိုင်မှီတစ်ကြိမ်, ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မတိုင်မှီတစ်ကြိမ် လျှောက်ထားနိုင်ပါ သည်။
How to Apply
-
1st Intake of 2025: March 31, 2025 (1st Round) - April 30,2025 (2nd Round)
for attending Interviews on
April 8-9, 2025 (1st Round) - May 13-14, 2025 (2nd Round)
2nd Intake of 2025: September 30, 2025
for attending the Interview on October 7-8, 2025
Application fee (M.P.H. & M.Sc. : 500thb / Ph.D.: 1,000 thb) paid by transfer account & sent online Screen/slip
to This email address is being protected from spambots. You need JavaScript enabled to view it. by named Topic : Application fee of_(Curriculum)_Name_Year 202X
* Please note that CPHS will only contact applicants who successfully pass the initial screening of documents for an interview appointment
ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်အစီအစဉ်၊ချူလာလောင်ကွန်းတက္ကသိုလ်၊ထိုင်းနိုင်ငံဤအစီအစဉ်သည် ကျန်းမာရေးမူဝါဒနှင့်စီမံခန့်ခွဲမှု၊ လူထုကျန်းမာရေးနှင့် မျိုးဆက်ပွါးကျန်းမာရေး၊ မြို့ပြနှင့်ကမ္ဘာ လုံးဆိုင်ရာကျန်းမာရေး၊ ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေး၊ ထိုင်းရိုးရာတိုင်းရင်းဆေးပညာနှင့် ခေတ်မီတိုင်းရင်း ဆေးပညာ၊ ကျန်းမာရေးဆိုင်ရာအမူအကျင့်များ၊ ဇီဝမော်လီကျူးအသုံးချနည်းပညာ အစရှိသည့် ပြည်သူ့ကျန်းမာရေးနှင့် ဆိုင်သော ဘာသာရပ်များဖြင့်ဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်ရှိ နိုင်ငံတကာအဆင့်မီပြည်သူ့ ကျန်းမာရေးဘွဲ့လွန်သင်ကြားမှုအစီအစဉ် ဖြစ်ပါသည်။ ဤအစီအစဉ်သည် ခိုင်မာသောသုတေသနရလဒ်မှတ်တမ်းများ ကြောင့် အောက်ပါကဏ္ဍ ၃ ရပ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် ကိုယ်စားပြုပူးပေါင်းဆောင်ရွက်ရသည့်ဌာန ကိုယ် စားလှယ် (WHO CCR) အဖြစ်တာဝန်ပေးအပ်ခြင်းခံရပြီးဖြစ်ပါသည်။ ၎င်းကဏ္ဍ ၃ရပ်မှာ (က) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အ စည်းနှင့် ပူးပေါင်းဆောင်ရွက်သော ငှက်ဖျားပိုးကို ဇီဝနည်းဖြင့်လက္ခဏာအမျိုးအစားသတ်မှတ်သည့် သုတေသနဌာန၊ (ခ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးစွဲမှုတိုက်ဖျက်ရေးသုတေသနနှင့် လေ့ကျင့်သင် ကြားရေးဌာနနှင့် (ဂ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သော ပြည်သူ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာသုတေသနနှင့် သင်ကြားလေ့ကျင့်ရေးဌာနတို့ ဖြစ်ပါသည်။ ၎င်းကိုယ်စားလှယ်ဌာနတစ်ခုစီတို့သည် ဒေသတွင်းရ လဒ်မှတ်တမ်း ကိုးကားနိုင်သောအရင်းအမြစ်နှင့် သင်ကြားလေ့ကျင့်ရေးဌာနအဖြစ် အကျိုးပြုဆောက်ရွက်ပေးလျှက်ရှိပါ သည်။ ကျွနု်ပ်တို့ကောလိပ်မှကျောင်းသားအများစုသည် ဒေသတွင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာတွင် ပြည်သူ့ကျန်းမာရေး ကိုဦးဆောင်သူအဖြစ် ဤတက္ကသိုလ်အားကိုယ်စားပြုရန်အတွက် တွဲဖက်လုပ်ကိုင်ဆောင်ရွက်သောခိုင်မာသည့်အဖွဲ့အ စည်းများကြဖြစ်သည့် WHO,TIGA, UNESCO, UNFPA အစရှိသည့် အဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ကမ္ဘာတစ်ဝှမ်း ရှိနိုင်ငံအသီးသီး၊ အထူးသဖြင့် အာရှပစိဖိတ်ဒေသများမှ လာရောက်ကြသူများဖြစ်ကြပါသည်။ သင်ကြားမှုအစီအစဉ်ကောက်နုတ်ချက်ပြည်သူ့ကျန်းမာရေးဘာသာရပ်၊ နိုင်ငံတကာအဆင့်မီသင်ကြားမှုအစီအစဉ် (မဟာဘွဲ့သင်တန်းများ၊ အဝေးသင် မဟာဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများ)ပြည်သူ့ကျန်းမာရေးသင်ကြားမှုအစီအစဉ်၌ ကျောင်းသားများအနေဖြင့် ကျန်းမာရေးမူဝါဒနှင့်စီမံခန့်ခွဲမှု၊ လူထု ကျန်းမာရေးနှင့်မျိုးဆက်ပွါးကျန်းမာရေး၊ ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေး၊ မြို့ပြနှင့်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး၊ ကျန်းမာရေးဆိုင်ရာအမူအကျင့်များစသည့် အဓိကဘာသာရပ်ကြီး၅ခုအနက်မှ ၎င်းတို့၏စိတ်ပါဝင်စားမှုအပေါ်အခြေခံကာ ကျန်းမာရေးစနစ်ဖွဲ့စည်းပုံ၊ နည်းစနစ်တကျဝေဖန်ပိုင်းခြားသုံးသပ်မှု၊ ကျန်းမာရေးဘောဂဗေဒ၊ ကျန်းမာရေးဥပဒေကဲ့သို့ သော ကျယ်ပြန့်စွာချိတ်ဆက်လျက်ရှိသည့်ကဏ္ဍအသီးသီးနှင့် ထိတွေ့နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကူးစက်ရောဂါပြန့် ပွားခြင်းနှင့်ကာကွယ်ခြင်းဘာသာရပ်၊ ဇီဝစာရင်းအင်းဘာသာရပ်၊ သုတေသနလုပ်ထုံးနည်းလမ်းများဘာသာရပ်စသော လက်တွေ့အသုံးကျနိုင်သည့်ပညာရပ်များကိုလည်း ထိတွေ့သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်တန်းအနေဖြင့် ကျောင်းသား များအား ကိုယ်ပိုင်လုပ်ငန်းကဏ္ဍတွင်ဖြစ်စေ၊ အများနှင့်ဆိုင်သောလုပ်ငန်းကဏ္ဍများတွင်ဖြစ်စေ ထိထိရောက်ရောက်ပါဝင် ဆောင်ရွက်နိုင်ရန်လည်း ကြိုတင်ပြင်ဆင်ပေးမည်ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးသိပ္ပံတွင် သင်ရိုးညွှန်းတမ်းတွင် မဟာသိပ္ပံ (M.Sc.) နှင့် ပြည်သူ့ကျန်းမာရေးသိပ္ပံ (Ph.D.) ဘွဲ့လွန်ပရိုဂရမ်နှစ်ခုပါရှိသည်။ ၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင်ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်သည်အောက်ပါအစီအစဉ်များတွင် ဘာသာရပ်ခွဲလေးခုကိုစတင်ဖွင့်လှစ်ခဲ့သည်။
ဆေးခြောက်နှင့် ဆေးဖက်ဝင်အပင်များဆိုင်ရာ သိပ္ပံ၊ ဓာတုနှင့် ဇီဝမော်လီကျူးနည်းပညာ
ကျန်းမာရေးသိပ္ပံ၊ လုပ်ငန်းခွင်သန့်ရှင်းမှုနှင့် ဘေးကင်းရေး၊ ဆန်းသစ်တီထွင်သော ကျန်းမာရေးသိပ္ပံနှင့် ကျန်းမာရေး ၁)။ ဆေးရွက်ကြီးနှင့်ဆေးဖက်ဝင်အပင်များသိပ္ပံ၊ ပြည်သူ့ကျန်းမာရေးသိပ္ပံသုတေသန၌
အခြေခံဆေးရွက်ကြီးပညာရပ်များကိုလိုအပ်သောတရား၀ င်သဘောတူညီချက်များဖြင့်ကျန်းမာရေးဆိုင်ရာစီးပွားရေးကို အလေးပေးသင်ကြားသည်။
ထို့အပြင်၊ ဤဘာသာရပ်သည် ဆေးဖက်ဝင်အပင်အရွက်များ၏ ပါဝင်မှုများကို ဓာတုဗေဒနည်းကျစွာ ဆေးဝါးဖော်စပ်ခြင်းကို လေ့လာနိုင်သည်။ ၂) ။ ကျန်းမာရေးသိပ္ပံ၏ဓာတုနှင့်ဇီဝမော်လီကျူးနည်းပညာဆိုင်ရာဘာသာရပ်တွင်
ဓာတုဗေဒနှင့်မျိုးရိုးဗီဇဆိုင်ရာနည်းလမ်းများကိုအသုံးပြု၍ communicable နဲ့ non-communicable ရောဂါများကိုရှာဖွေနိုင်ခြင်းကိုသင်ကြားသည်။
ဓာတုဗေဒနှင့် geneticကို သုံးပြီး ဇီဝမော်လီကျူးကိုအဆင့်မြှင့်တင်ခြင်းကိုရှာဖွေရုံသာမက ဆေးဝါးနှင့် ပရိုတိန်း/အင်ဇိုင်းပစ်မှတ်များအကြားအပြန်အလှန်ပေါင်းစပ်အကျိုးသက်ရောက်စေမှုများဖြင့် ဇီဝမော်လီကျူးကိုအဆင့်မြှင့်တင်ခြင်းကိုလေ့လာသည်။ ၎င်းသည် ဆေးဝါးသစ်များ ရှာဖွေတွေ့ရှိရန်သာမက တိုးတက်မှုများအတွက်အသုံးချနိုင်သည်။ ၃) ။ ဆန်းသစ်တီထွင်သောကျန်းမာရေးသိပ္ပံနှင့်ကျန်းမာရေးဘာသာရပ်တွင်
အလေးထားသင်ကြားပေးသည့်သင်ခန်းစာများမှာဆန်းသစ်တီထွင်မှုနှင့်ကျန်းမာမှု၊ spa နှင့်ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းအတွက်ပြင်ဆင်ခြင်း
ထို့အပြင်ဤဘာသာရပ်သည်ကျန်းမာရေးနှင့်ကျန်းမာရေးနှင့်သက်ဆိုင်သောလုပ်ငန်းပိုင်ရှင်များမှတိုက်ရိုက်အတွေ့အကြုံများနှင့် WildFit နှင့်အသက်ရှည်ခြင်းသဘောတရားတို့ကိုလည်း ဤဘာသာရပ်တက်ရောက်ခြင်းဖြင့် အတွေ့အကြုံဗဟုသုတ ရရှိနိုင်သည်။ ၄)။ လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် ဘေးကင်းရေး-
စက်မှုလုပ်ငန်း၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပါအဝင် အန္တရာယ်အကဲဖြတ်မှုများနှင့် ဘေးကင်းရေးဆိုင်ရာ ကဏ္ဍများစွာကို အလေးပေးသင်ကြားပါမည်။
ထို့အပြင်ဤဘာသာရပ်သည်ဓာတုအကြွင်းအကျန်များနှင့်မည်သို့စီမံပုံနှင့်ဤအကြွင်းအကျန်များကိုမည်သို့ခွဲခြမ်းစိတ်ဖြာနည်းသင်ခန်းစာရပ်များပါဝင်ပါသည်။ ကျောင်းဝင်ခွင့်လျှောက်ထားရေးပြက္ခဒိန်ကျောင်းဝင်ခွင့်လျှောက်ထားရန်နောက်ဆုံးရက်- ၂၀၂၁ ခုနှစ် စာသင်နှစ်၊ ဒုတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက် (သင်တန်း ဖွင့်မည့်ရက် မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်)
- ၂၀၂၁ ခုနှစ်စာသင်နှစ်၊ တတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် ဖေဖာဝါရီလ ၁ ရက် (သင်တန်း ဖွင့်မည့်ရက် မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်)
- ၂၀၂၂ ခုနှစ်စာသင်နှစ်၊ ပထမသင်တန်းကာလအတွက် ပထမအကြိမ်မှာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် ၊ ဒုတိယအကြိမ် မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက် (သင်တန်းဖွင့်မည့်ရက်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်)
အင်တာဗျူး (လူတွေ့မေးမြန်းခြင်း)(အမြန်လမ်းကြောင်းအင်တာဗျူး* ဖြေဆိုနိုင်ခွင့်အား ကျောင်းဝင်ခွင့်လျှောက်ရန်လိုအပ်သည့်အချက်များ အားလုံးပြည့်စုံပြီး သူများသာ တောင်းဆိုခွင့်ရှိပါသည်)- ၂၀၂၁ ခုနှစ် စာသင်နှစ်၊ ဒုတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက် တွင် အင်တာဗျူးပါမပါ စစ်ဆေးရန် (အင်တာဗျူးခေါ်မည့်ရက် - ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၂-၁၃)- ၂၀၂၁ ခုနှစ်စာသင်နှစ်၊ တတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် ဖေဖာဝါရီလ ၄ ရက် တွင် အင်တာဗျူးပါမပါ စစ်ဆေးရန် (အင်တာဗျူးခေါ်မည့်ရက် - ၂၀၂၂ခုနှစ် ဖေဖာဝါရီလ ၉ ရက်)- ၂၀၂၂ ခုနှစ်စာသင်နှစ်၊ ပထမသင်တန်းအမှတ်စဉ်အတွက် ၂သုတ်ခွဲထားပါသည်။ ပထမသုတ်မှာ ၂၀၂၂ ခုနှစ် ဧပြီ ၂, ဒုတိယသုတ်ကို မေ ၂ တွင် အင်တာဗျူးပါမပါ စစ်ဆေးရန် (အင်တာဗျူးခေါ်မည့်ရက် ပထမသုတ်မှာ - ၂၀၂၂ခုနှစ် ဧပြီ ၆,၇. ဒုတိယသုတ်ကို မေ ၄) အကြိုမိတ်ဆက်သင်တန်း- ၂၀၂၁ ခုနှစ် စာသင်နှစ်၊ ဒုတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ (ပြည်သူ့ကျန်းမာရေး) နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ (ပြည်သူ့ကျန်းမာရေးသိပ္ပံ)- ၂၀၂၁ ခုနှစ်စာသင်နှစ်၊ တတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်- ၂၀၂၂ ခုနှစ်စာသင်နှစ်၊ ပထမသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်ပထမအကြိမ်ကျောင်းသားမှတ်ပုံတင်ခြင်းနှင့်အကြိုမိတ်ဆက်သင်တန်းဖွင့်လှစ်ခြင်း(ပထမအကြိမ် ကျောင်းသားမှတ်ပုံတင်ကြေးပေးဆောင်ခြင်းကို လက်ငင်းငွေသားပေးချေခြင်းစနစ်ဖြင့်သာ ပေးချေရမည် ဖြစ်ပါသည်)ကြေညာပေးမည်ဖြစ်ပါမည်။သင်တန်းဖွင့်လှစ်ခြင်း- ၂၀၂၁ ခုနှစ် စာသင်နှစ်၊ ဒုတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ (ပြည်သူ့ကျန်းမာရေး) နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ (ပြည်သူ့ကျန်းမာရေးသိပ္ပံ)- ၂၀၂၁ ခုနှစ်စာသင်နှစ်၊ တတိယသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် ဧပြီ လ ၄ ရက်- ၂၀၂၂ ခုနှစ်စာသင်နှစ်၊ ပထမသင်တန်းအမှတ်စဉ်အတွက် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ရက် အမြန်လမ်းကြောင်းအင်တာဗျူး*လျှောက်ထားသူအနေဖြင့်အမြန်လမ်းကြောင်းအင်တာဗျူးဖြေဆိုခွင့်ကိုတောင်းဆိုနိုင်ပါသည်။ကျွန်ုပ်တို့၏စံနှုန်းပြည့်ကိုမီသော သို့မဟုတ် စံနှုန်းထက်ပိုလွန်သော (ပျမ်းမျှအဆင့်နှင့်အင်္ဂလိပ်စာရမှတ်) ကိုရရှိသော ကျောင်းသားများသာလျှင် တောင်းဆိုနိုင်ပါသည်။အထူးအင်တာဗျူးအတွက်ကျောင်းမှ ၇ ရက်အတွင်း ဆက်သွယ်ပါလိမ့်မည်။ သင်တန်းများခန့်မှန်းကုန်ကျစရိတ် နိုင်ငံတကာကျောင်းသားများအတွက် (ထိုင်းဘတ်)(၁) ပြည်သူ့ကျန်းမာရေးမဟာဘွဲ့(ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၃ ခု ၊ ၁ နှစ်)(အမှတ်ပေါင်း ၃၆ မှတ် /စာသင်ကာလ ၃ ခု/ စုစုပေါင်းစာသင်ကာလ ၁ နှစ်) ထိုင်းဘတ် ၁၁၇,၇၀၀ / စာသင်ကာလ/၁ခု(စာသင်ကာလတစ်ခု = ၄ လ)~ ထိုင်းဘတ် ၃၅၃,၁၀၀ /တစ်နှစ်(၂) ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့ကျောင်းတက်သင်ယူအစီအစဉ်(ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၃ ခု ၊ ၁ နှစ်)(အမှတ်ပေါင်း ၄၈ မှတ်/ စာသင်ကာလ ၆ ခုမှ ၉ ခု/ စုစုပေါင်းစာသင်ကာလ ၂ နှစ်မှ ၃ နှစ်) ထိုင်းဘတ် ၁၂၇,၇၀၀ / စာသင်ကာလ/၁ခု(စာသင်ကာလတစ်ခု = ၄ လ)~ ထိုင်းဘတ် ၃၈၃,၁၀၀ /တစ်နှစ်(၃) ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့အဝေးသင်အစီအစဉ်(ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၃ ခု ၊ ၁ နှစ်)(အမှတ်ပေါင်း ၄၈ မှတ်/ စာသင်ကာလ ၉ ခုမှ ၁၂ ခု/ စုစုပေါင်းစာသင် ကာလ ၃ နှစ်မှ ၄ နှစ်)ထိုင်းဘတ် ၁၂၇,၇၀၀/ စာသင်ကာလ/၁ခု(စာသင်ကာလတစ်ခု = ၄ လ)~ ထိုင်းဘတ် ၃၈၃,၀၀၀ /တစ်နှစ်(၄) ပြည်သူ့ကျန်းမာရေးသိပ္ပံမဟာဘွဲ့(ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၂ ခု ၊ ၁ နှစ်) ထိုင်းဘတ် ၁၁၇,၇၀၀ / စာသင်ကာလ/၁ခု(စာသင်ကာလတစ်ခု = ၆ လ)~ ထိုင်းဘတ် ၂၃၅,၄၀၀ /တစ်နှစ်(၅) ပြည်သူ့ကျန်းမာရေးသိပ္ပံပါရဂူဘွဲ့(ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၂ ခု ၊ ၁ နှစ်) ထိုင်းဘတ် ၁၃၂,၇၀၀ / စာသင်ကာလ/၁ခု(စာသင်ကာလတစ်ခု = ၆ လ)~ ထိုင်းဘတ် ၂၆၅,၄၀၀ /တစ်နှစ်(၆) Exchange Student (ကျောင်းတွင်းသင်ခန်းစာသင် ၊ စာသင်ကာလ ၂ ခု ၊ ၄လ မှ ၆လ) ထိုင်းဘတ် ၁၁၇,၇၀၀/ စာသင်ကာလ/၁ခုအမှတ်ပေါင်း ၆ မှတ်ကိုမိခင်တက္ကသိုလ် မှယူလို့ရသည်။(၇) အလုပ်သင်ကျောင်းသား/သုတေသီများ(အဝေးသင်အစီအစဥ်= စာသင်ကာလ ၂ ခု ၊ ၄လ မှ ၆လ) အခမဲ့ (ကော်မတီ၏သုံးသပ်ချက်ဖြင့်ဝင်ခွင်)ကောလိပ်စာကိုသာအသိအမှတ်ပြုသည်။
Curriculum Detail
-
ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲ့မှုသင်တန်းဤသင်တန်း၏ရည်ရွယ်ချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အနာဂါတ်ခေါင်းဆောင်မျိုးဆက်သစ်များ ထွက်ပေါ်လာစေရေးကို လေ့ကျင့်သင်ကြားလံှု့ဆော်ပေးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဌာနနှင့်ကျောင်းသားများသည် ကျန်းမာ ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးတက်စေခြင်းဖြင့် ပိုမိုကောင်းမွန်သောကမ္ဘာကြီးဖြစ်လာရန် ပြင်းပြစွာ စိတ်အားထက်သန်လျက်ရှိကြပါသည်။ ကျွနု်ပ်တို့သည် ပိုမိုလုံခြုံ၍ပိုမိုထိရောက်မှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းမှ ကျန်းမာရေးအာမခံ၏အကျုံးဝင်မှုကို ပိုမိုကျယ်ပြန့်စေခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြားကွာဟနေမှုများကိုဖယ်ရှားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတစ်ခုလုံး၏ လုပ်ဆောင်မှုများကိုပုံစံချ၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းအထိ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပြီး အရေးကြီးသည့်ပြဿနာများကို ပိုမိုကောင်းမွန်စွာဖြေရှင်းနိုင်ရန် ဆောင်ရွက်လျှက်ရှိပါ သည်။
ကျွန်ုပ်တို့၏ပညာသင်ကြားမှုအစီအစဉ်အနေဖြင့် ကျောင်းသားများအား များပြားကျယ်ပြောသည့်ပြည်သူ့ကျန်း မာရေးစိန်ခေါ်မှုများကိုဖြေရှင်းတတ်စေမည့် နည်းစနစ်တကျတွေးခေါ်နိုင်မှု၊ ပြဿနာကိုစနစ်တကျကိုင်တွယ်ဖြေရှင်းတတ် မှုစသည့်အရည်အချင်းများ မြင့်မားစေရေးကိုကူညီပေးရန် အထူးရည်ရွယ်ပါသည်။ ကျန်းမာရေးမူဝါဒနှင့် စီမံခံ့ခွဲမှုသင်တန်း သို့တက်ရောက်သောကျောင်းသားများသည် ထိုင်းနိုင်ငံနှင့်ကမ္ဘာအနှံ့မှ လာရောက်ကြသူများဖြစ်ပါသည်။ ၎င်းတို့သည်စာ ပေပညာရပ်များကို ကောင်းစွာတတ်မြောက်ကျွမ်းကျင်ထားကြပြီး စိတ်အားထက်သန်မှုပြင်းပြသူများလည်းဖြစ်ကြပါသည်။ ထို့အပြင် ကျွနု်ပ်တို့၏ ကျောင်းသားများအားလုံးသည်ကောင်းမွန်သည့် လုပ်ငန်းခွင်အတွေ့အကြုံရှိထားပြီးသူများဖြစ်ကြပြီး၊ သင်ယူလေ့လာရာ၌ ထိုးထွင်းကြံဆသောတွေးခေါ်မျှော်မြင်မှုများဖြင့် စာသင်ခန်းအတွင်းအသိပညာများကို ဖလှယ်၍တိုး ပွားစေသူများလည်းဖြစ်ကြသည်။
စာသင်ခန်းတွင်းသင်ကြားမှုကိုကျော်လွန်သွားသော နောက်ဆက်တွဲအတွေ့အကြုံများသည် ပြည်သူ့ကျန်းမာ ရေးပညာအတွက် မရှိမဖြစ်အရေးပါကြောင်း ကျွန်ုပ်တို့ယုံကြည်ပါသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့ကောလိပ်နှင့် ထိပ်တန်းပြည်သူ့ကျန်းမာရေးမူဝါဒချမှတ်သူများ၊ သမားတော်ကြီးများအကြားတွင်ရှိနေသော ခိုင်မာသောဆက်သွယ်မှုများသည် ကျောင်း သားများအား ၎င်းတို့၏စာသင်ခန်းအတွင်းမှသင်ယူလေ့လာမှုများကို လက်တွေ့ဘဝပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုနှင့် ထိုင်းနိုင်ငံနှင့် ထိုင်းနိုင်ငံပြင်ပမှ မူဝါဒဆိုင်ရာပြဿနာများတွင်အသုံးချရန် အခွင့်အလမ်းများပေးလျှက်ရှိပါသည်။
လူထုအခြေအနေလေ့လာသုံးသပ်ခြင်းနှင့် မျိုးဆက်ပွါးကျန်းမာရေးသင်တန်းဤသင်တန်း၌ သင်တန်းခေါင်းစဉ်တွင်ပါရှိသောအရေးကြီးသည့်ဘာသာရပ်နှစ်ခုကို အဓိကထား၍သင်ကြားပေးပါ သည်။ ဤသင်တန်းသည် ပြည်သူလူထု၏ကျန်းမာရေးလိုအပ်ချက်များနှင့် မျိုးဆက်ပွါးကျန်းမာရေးပြဿနာများအရ လူထု အခြေအနေလေ့လာသုံးသပ်ခြင်း၊ ပြဿနာများ ရှာဖွေဖော်ထုတ်အတည်ပြုခြင်းများနှင့် ပတ်သက်၍ နက်ရှိုင်းစွာနားလည်သ ဘောပေါက်စေခြင်း၊ လက်တွေ့ကွင်းဆင်းလေ့ကျင့်စေခြင်းများဖြင့် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးပါသည်။
လူထုကျန်းမာရေး၊ မျိုးဆက်ပွါးကျန်းမာရေးနှင့် လူဦးရေပြဿနာများအပေါ်နားလည်မှုကိုလည်းကောင်း၊ လူထုကျန်းမာရေးနှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများကို နားလည်ရန်လိုအပ်သော အသိပညာဗဟုသုတများကိုလည်းကောင်း ပေးအပ်ရန် ဤသင်တန်းကိုစီစဉ်ဆောင်ရွက်ထားပါသည်။ ဤသင်တန်းသည် လူထုကျန်းမာရေးနှင့် မျိုးဆက်ပွါးကျန်းမာရေးအပေါ်လွှမ်းမိုးနေသော လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးဆိုင်ရာအကြောင်းအရာများနှင် ဆက် စပ်နေသည့် လူထုအဆင့်၊ နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့်စိန်ခေါ်မှုများကိုလည်း စူးစမ်းလေ့လာ၍စစ်ဆေးသွားမည်ဖြစ်ပါသည်။
ဤသင်တန်းတွင် လူထုအခြေအနေလေ့လာသုံးသပ်ခြင်းနှင့် မျိုးဆက်ပွါးကျန်းမာရေးဘာသာရပ်နှစ်ခုကို ပေါင်းစပ် ထားပါသည်။
၁။ လူထုအခြေအနေလေ့လာသုံးသပ်ခြင်းဘာသာရပ်တွင် လူထုဆိုင်ရာအခြေခံသဘောတရားများ၊လူထုဖွဲ့စည်း တည်ဆောက်ပုံ၊ လူထုဆီသို့ချဉ်းကပ်ပုံနည်းလမ်းများ၊ လူထုအကြောင်းပုံစံကားချပ်ရေးဆွဲခြင်း၊ လူမှုှုဆက်ဆံရေးကွန်ယက် အကြောင်းပုံစံကားချပ်ရေးဆွဲခြင်း၊ လူထု၏လူမှုရေးနှင့်ယဉ်ကျေးမှု လက္ခဏာသဘောထားများ၊ လူထုကိုယ်တိုင်ပါဝင် ဆန်းစစ်သုံးသပ်နိုင်မှုကိုလေ့လာခြင်း၊ လူထုတွင်းပြဿနာများကို ဦးစားပေးအဆင့်သတ်မှတ်ခြင်း အစရှိသည်တို့ပါဝင် ပါသည်။
၂။ မျိုးဆက်ပွါးကျန်းမာရေးအပိုင်းကိုမူ မျိုးဆက်ပွားကျန်းမာရေးအကြောင်းမိတ်ဆက်ခြင်းနှင့် ၎င်းကိုသိနားလည် ရရှိခံစားခွင့်မြင့်မားစေရေး၊ သားဆက်ခြားကျန်းမာရေး၊ မိခင်နှင့်ကလေးကျန်းမာရေး၊ အပျိုဖော်ဝင်စအရွယ်ကျန်းမာရေး၊ မလိုလားအပ်သောကိုယ်ဝန်ရခြင်းနှင့် ဖျက်ချခြင်း၊ လူငယ်များအကြား ခုခံအားကျဆင်းမှုရောဂါကို ကြိုတင်ကာကွယ်ခြင်း၊ မျိုးဆက်ပွါးအင်္ဂါများတွင် ဖြစ်ပွါးတတ်သောကင်ဆာများ၊ အိုမင်းရင့်ရော်မှုကိုစောင့်ရှောက်ခြင်း အစရှိသည့် အခန်းကဏ္ဍများ ဖြင့် ဖွဲ့စည်းထားပါသည်။
သင်တန်းပြီးဆုံးသည့်အခါ ကျောင်းသားအနေဖြင့် မိမိလေ့လာသောလူထုအဖွဲ့အစည်း၏ အခြေအနေအပေါ် လေ့လာသုံးသပ်ခြင်းကို ဆောင်ရွက်နိုင်ရန်၊ မိမိလေ့လာသော လူထုအဖွဲ့အစည်း၏ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ အခြေအနေများ၊ ပြဿနာများကိုနားလည်၍ လေ့လာမှုသုတေသနများပြုလုပ်နိုင်ရန်နှင့် မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိခံစားခွင့်ကို မြှင့်တင်ပေးရေးအတွက် ဖြေရှင်းချက်များကိုရရှိနိုင်ရန် မျှော်လင့်ပါသည်။
မြို့ပြနှင့်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးသင်တန်းဤမြို့ပြနှင့်ကမ္ဘာလုံးဆိုင်ရာသင်တန်းသည် မဟာဘွဲ့ကျောင်းသားများနှင့် ပါရဂူဘွဲ့ကျောင်းသားများအား စီးပွား ရေးအမြင်၊ နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်၊ ယဉ်ကျေးမှုအမြင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအမြင်များ အမျိုးမျိုးပါ ဝင်သည့် မြို့ပြနှင့်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကြောင်းအရာများတွင် သာမန်ထက်ကျော်လွန်တတ်မြောက်သူများ ဖြစ် လာစေရန် ကြိုးပမ်းအားထုတ်လျှက်ရှိပါသည်။ ဤသင်တန်းမှအဓိကသင်ကြားသောအတန်းများကို အထူးပြုသင်ယူခြင်း သည် ကျောင်းသားများအား မိမိကျရာအခန်းကဏ္ဍတွင် ပြည်သူ့ကျန်းမာရေးကိစ္စများကို ညှိနှိုင်းပူပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်နင်းစွာကိုင်တွယ်ဆောင်ရွက်သည့်အခါ ရာသက်ပန်ကိုယ့်အားကိုယ်ကိုးပြီး လေ့လာသင်ယူတတ်သူများဖြစ်လာစေပါ လိမ့်မည်။
ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင် ကျန်းမာရေးသင်တန်းဤသင်တန်းအနေဖြင့် ကျောင်းသားများအား ပြည်သူ့ကျန်းမာရေးအပေါ်သက်ရောက်ထိခိုက်တတ်သော ဇီဝဆိုင်ရာ၊ ရုပ်ဝတ္ထုဆိုင်ရာ၊ ဓါတုဆိုင်ရာ ပါတ်ဝန်းကျင်အနေအထားအကြောင်းအချက်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါ သည်။ သို့ဖြစ်၍ ကျောင်းသားများသည် ပါတ်ဝန်းကျင်၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့်ပက်သက်ပြီး အထူးကျွမ်းကျင်တတ် မြောက်ကြမည်ဖြစ်ပါသည်။
ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေးဘာသာရပ်အနေဖြင့် လူသားများအားထိခိုက်နိုင် သော ဘေးအန္တရာယ် ဆိုးကျိုးများကို နည်းနိုင်သမျှလျော့နည်းစေကာ ပြည်သူ့ကျန်းမာရေးကိုတိုးတက်စေသည့် ပါတ်ဝန်းကျင်ကျန်းမာရေးဆိုင် ရာစိန်ခေါ်မှုများနှင့် စီမံခန့်ခွဲမှုများအကြောင်းကို အဓိကထားသင်ကြားပေးပါသည်။ ယင်းကဲ့သို့ပါတ်ဝန်းကျင်ညစ်ညမ်းမှု များနှင့်ထိတွေ့ရာမှပေါ်ပေါက်လာသည့် သက်ရောက်မှုပြဿနာများသည် ထိုင်းနိုင်ငံနှင့်အခြားသောနိုင်ငံအချို့တွင်ပြည် သူ့ကျန်းမာရေးမူဝါဒပြဿနာအဖြစ် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပါသည်။ ပြည်သူ့ကဏ္ဍ၊ တစ်ဦးချင်းကဏ္ဍ၊ပညာရှင်ကဏ္ဍစသည့်ကဏ္ဍအသီးသီးက ကျွန်ုပ်တို့၏ပါတ်ဝန်းကျင်နှင့်ပက်သက်သော အကြောင်းအရာများကိုနားလည်၍ ၎င်းပတ်ဝန်း ကျင်ကို ကာကွယ်ရန်စွမ်းရည်ကိုပိုမိုတိုးတက်စေရန်အတွက် အထူးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤသင် တန်းတွင် ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေး၊ ပါတ်ဝန်းကျင်မှတဆင့်ကူးစက်တတ်သောရောဂါများ၊ ထိတွေ့မှုပမာဏကို လေ့လာသုံးသပ်ခြင်းနှင့် လူသားများအပေါ်သက်ရောက်မှုပမာဏကို လေ့လာသုံးသပ်ခြင်းအစရှိသည့် ဘာသာရပ်များ စုစည်းပါဝင်နေသည်။ သို့ဖြစ်၍ သင်တန်း၏အဓိကရည်မှန်းချက်မှာ ပါတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေးပညာရပ်ကို အထူးကျွမ်းကျင်တတ်မြောက်ပြီး အရည်အသွေးပြည့်ဝသည့်ပညာရှင်များဖြစ်လာစေရေးကို လေ့ကျင့်သင်ကြားပေး ရန်ဖြစ်ပါသည်။ ယင်းသို့သင်ကြားခြင်းတွင် ဆိုးကျိုးများကိုရှာဖွေဖော်ထုတ်ခြင်း၊ အန္ထရာယ်သက်ရောက်ခံရနိုင်ခြေရှိသူများ ကိုအတည်ပြုခြင်းနှင့် ထိတွေ့နိုင်ခြေအား ကြိုတင်ကာကွယ်ခြင်းစသည်တို့ပါဝင်ပါသည်။ အဆိပ်အတောက်ဖြစ်စေနိုင်သော ပစ္စည်းအမျိုးအစားများစွာကို လူထုအကြားတွင်သာမက လုပ်ငန်းခွင်နေရာ၌လည်း ကြုံတွေ့ရတတ်ပါသည်။ သို့သော် ထိ တွေ့နိုင်မှုပမာဏနှင့် အခြေအနေအကြောင်းတရားတို့မှာ သိသိသာသာကွဲပြားခြားနားလျက်ရှိနေသောကြောင့် ယင်းထိ တွေ့မှုများ ကိုထိန်းချုပ်ရန်နှင့် ရောဂါများကိုကာကွယ်ရန်အသုံးပြုသည့် မဟာဗျူဟာနည်းလမ်းများမှာလည်း မတူညီကြပါ။ ကျွနု်ပ်တို့ ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်၌ပြုလုပ်လျက်ရှိသော မဟာသိပ္ပံနှင့်ပါရဂူသင်တန်းသုတေသနများသည် ဒေသတွင်းမှ နိုင်ငံတကာတိုင် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုနိုင်ပြီး စည်းစနစ်များလည်းပြည့်စုံစွာရှိပါသည်။ ကျွနု်တို့၏သင် ကြားရေးအဖွဲ့ဝင်များသည် ပြည်သူ့ကျန်းမာရေးအငြင်းပွါးမှှုများအပေါ် နိုင်ငံတွင်းအမြင်၊ နိုင်ငံတကာအမြင်များဖြင့် တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ အကြံပေးနိုင်သူများလည်းဖြစ်ကြပါသည်။
ကျန်းမာရေးဆိုင်ရာအမူအကျင့်များသင်တန်းဤသင်တန်း၏ရည်ရွယ်ချက်မှာ ပြည်တွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာများကိုပေါ်ပေါက်စေ လျှက်ရှိသော ကျန်းမာရေးဆိုင်ရာအမူအကျင့်များကိုလေ့လာသည့် သုတေသနများကိုဆောင်ရွက်ရန်နှင့် ပြဿနာများကို အမြင်သစ်ဖြင့်ကြည့်ရန်အတွက် ကြားဝင်အစီအစဉ်များကို ဖော်ထုတ်ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း၊ ဖြန့်ဝေပေးခြင်းများကို လေ့လာသည့် သုတေသနများကိုဆောင်ရွက်ရန်ဖြစ်ပါသည်။ ထို့အပြင်ကျောင်းသားများအနေဖြင့် ၎င်းတို့၏သုတေသနကို ပြုလုပ်သည့်အခါ အသုံးဝင်လာမည့်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများပြည့်ဝလာစေရန်လည်း ရည်ရွယ်ပါသည်။ ကျောင်း သားများသည် (အစာအာဟာရ၊ ကိုယ်လက်လှုပ် ရှားခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူး ယစ်ဆေးသုံးစွဲခြင်းအစရှိသည့်) ကျန်းမာရေးအမူအကျင့်များဆိုင်ရာ အခြေခံဗဟုသုတများအပေါ်တွင်လည်းကောင်း၊ အ ထူးတလည်ပြုလုပ်မည့် ကြိုတင်ကာကွယ်ရေးနှင့် ကြားဝင်အစီအစဉ်ကဏ္ဍများတွင်လည်းကောင်း ၎င်းတို့၏ကျွမ်းကျင် တတ်မြောက်မှုကို ပြသနိုင်ရမည်ဖြစ်ပါသည်။ ထိုမျှမကသေးဘဲ ၎င်းတို့စိတ်ပါဝင်စားသည့်အခန်းကဏ္ဍများတွင် ကျွမ်းကျင် စွာအထူးဆောင်ရွက်နိုင်သည့် စွမ်းရည်များကိုလည်း မြှင့်တင်ပေးထားပါသည်။
ဤသင်တန်းသည် ပညာရေးကဏ္ဍ၊ အကျိုးအမြတ်မကြည့်သောအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ခေါင်းဆောင်မှုကဏ္ဍများတွင် သုတေသနများဆက်လက်လုပ်ဆောင်သွားမည့် သုတေသီများပေါ်ထွက်လာရေးအတွက် လည်းရည်ရွယ်ပါသည်။ ကျောင်းသားများအနေဖြင့် ကျန်းမာရေးအမူအကျင့်များ၊ အစာအဟာရ၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းများအပေါ်တွင် လွှမ်းမိုးနေသောအ ကြောင်းတရားများကိုပေါ်ပေါက်စေသည့် ကျန်းမာရေးအမူအကျင့်များ၏ အရေးပါမှုများကို သင်ယူလေ့လာရမည် ဖြစ်ပါသည်။ ယင်းသို့ သင်ယူလေ့လာမှုများတွင် ကျန်းမာရေးဆိုင်ရာအမူအကျင့်များနှင့် အန္ကရာယ်ရှိသောသဘောတရားများ၊ သီအိုရီများလည်း ပါဝင်ပါသည်။
ကျောင်းသားများသည် ၎င်းတို့လက်တွဲလုပ်ကိုင်ခဲ့သော (သို့မဟုတ်) အနာဂါတ်တွင်ဆက်၍လက်တွဲလုပ်ကိုင် သွားမည်ဖြစ်သော ပြည်သူလူထုအကြား ကျန်းမာရေးအမူအကျင့်နှင့်သက်ဆိုင်သည့်သုတေသနများကို ဖော်ထုတ်ဆောင် ရွက်ကြရမည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ခန္ခာကိုယ်အရည်များအတွင်း အရက်နှင့်မူးယစ်ဆေးတို့ကို စမ်းသပ်စစ်ဆေး နိုင်သော ဓါတ်ခွဲခန်းနည်းလမ်းများအပါအဝင် အရက်စွဲနေသူများ၊ မူးယစ်ဆေးစွဲနေသူများ၊ ခုခံအားကျဆင်းမှုရောဂါကူး စက်ခံစားနေရသူများအပေါ်တွင်ပြုလုပ်သည့် သုတေသနများနှင့် ကြားဝင်အစီအစဉ်များကိုလည်း ဆောင်ရွက်ကောင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးသိပ္ပံ၊ နိုင်ငံတကာအဆင့်မီသင်ကြားမှုအစီအစဉ် (မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့သင် တန်းများ)
ကိုယ်ပိုင်ရပ်တည်၍ တစ်နှစ်လျှင်စာသင်ကာလနှစ်ပိုင်းကိုအခြေခံသော ဤသင်တန်းများ၏ရည်ရွယ်ချက်မှာ ထိုင်း ရိုးရာတိုင်းရင်းဆေးပညာ၊ ရနံ့ကုထုံးပညာ၊ ဆေးဘက်ဝင်အပင်ပညာ (ဗိန္ဓောပညာ)၊ ဒေသခံအပင်များဆိုင်ရာရိုးရာပညာ များ၏ ဘေးထွက်ဆိုးကျိုးကင်းခြင်း၊ အာနိသင်ထက်မြက်ခြင်း၊ အရည်အသွေးပြည့်ဝခြင်းများကို သိပ္ပံနည်းကျစွာအခြေ ခံ၍ ပြည်သူ့ကျန်းမာရေးသိပ္ပံဆိုင်ရာဗဟုသုတများ ရရှိပေါ်ထွက်လာစေရန်ဖြစ်ပါသည်။ ဤသင်တန်းတွင် ဇီဝနည်း၊ မျိုးရိုးဗီဇ ဒီအန်န်အေနည်း၊ ဓာတုနည်းများဖြင့် ဆေးကုန်ကြမ်းများကိုခွဲခြမ်းစိတ်ဖြာခြင်း၊ ဓါတုပစ္စည်းများကိုအထူးအခြေခံကာ ဆေး ကုန်ကြမ်းများကိုတိကျသော ဆေးဝါးဗေဒအညွှန်းများသတ်မှတ်ခြင်း၊ဆေးဘက်ဝင်အပင်များ၏ ဇီဝအကျိုးကျေးဇူးများကို လူနှင့်တိရစ္ဆာန်များ၌ စမ်းသပ်ခြင်း စသည့် စိတ်ဝင်စားဖွယ်ကဏ္ဍများစွာပါဝင်ပါသည်။
ဆေးခြောက်နှင့် ဆေးဖက်ဝင်အပင်များ သိပ္ပံ
ဆေးခြောက်သည် ထိုင်းလူ့အဖွဲ့အစည်းတွင် ကာလအတန်ကြာ တည်ရှိခဲ့သော စွဲလမ်းစေတတ်သော အာနိသင်ရှိသည့် ဆေးဖက်ဝင်အပင်ဖြစ်သည်။ ထို့အပြင် နိုင်ငံအများအပြားတွင် ဆေးဖက်ဝင်အပင်များကို ရောဂါ သက်သာစေရန်၊ ပျောက်ကင်းစေရန်နှင့် ကုသရန်အတွက် အသုံးပြုကြသည်။ လက်ရှိတွင် ဆေးခြောက်ကို ဆေးခြောက်ဆိုင်ရာ ထိန်းချုပ်မှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်သော ဖွံ့ဖြိုးတိုးတက်မှုစနစ်တို့ လိုအပ်သည့် ဆေးဘက်ဆိုင်ရာအသုံးပြုမှုများတွင် ထိရောက်မှုမြင့်မားစွာဖြင့် အသုံးပြုနိုင်ရန်အတွက် မြှင့်တင်လျက်ရှိသည်။
ဆေးခြောက်နှင့် ဆေးဖက်ဝင်အပင်များဆိုင်ရာ ပညာရပ်ဆိုင်ရာ အသိပညာနှင့် သုတေသနများသည် ဆေးဖက်ဝင်အပင် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ထိုင်းဆေးဖက်ဝင်အပင်များ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆေးဖက်ဝင်အပင်များ၏ အရည်အသွေးကို ထိန်းချုပ်ရန်အတွက် စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဆေးဖက်ဝင်အပင်များ မှတ်ပုံတင်ခြင်းအတွက် အကိုးအကားအဖြစ် အသုံးပြုပါသည်။ ၎င်းသည် သုံးစွဲသူများအား စီးပွားဖြစ်ဆေးဖက်ဝင်အပင်များ ၏ အရည်အသွေး၊ ထိရောက်မှုနှင့် ဘေးကင်းမှုအပေါ် ယုံကြည်စိတ်ချမှုကို ပေးပါသည်။
ဓာတ်ခွဲခန်းအဆင့်၊ စက်မှုလုပ်ငန်းခွင် ထုတ်လုပ်မှုနှင့် နိုင်ငံအဆင့် ဆေးဖက်ဝင်အပင်များ၏ အရည်အသွေးကို မြှင့်တင်ရန်အတွက် သိပ္ပံနည်းကျ သုတေသနလုပ်ထုံးလုပ်နည်းများဖြင့် ဆေးဖက်ဝင်အပင်များအား သုတေသနပြုလုပ်ခြင်းသည် အရေးကြီးပါသည်။ ယင်းက အာဆီယံအသိုက်အဝန်းတွင် ပြိုင်ဆိုင်မှုဆိုင်ရာ အလားအလာများ တိုးမြင့်လာစေရန် ကျွန်ုပ်တို့၏ အခြေခံအသိပညာများ တိုးချဲ့မှုကို အားပေးအားမြှောက်ပြုပါသည်။
ကျန်းမာရေးသိပ္ပံတွင် ဓာတုနှင့် ဇီဝမော်လီကျူးနည်းပညာ
ဓာတုနည်းပညာသည် ဓာတုဗေဒသိပ္ပံနှင့် ပညာရပ်ပေါင်းစုံအသုံးချခြင်းဆိုင်ရာ အသိပညာဖြစ်သည်။ နယ်ပယ်အသီးသီးမှ အသိပညာများနှင့် တွဲဖက်ပြီး ခေတ်မီဓာတုကိရိယာများနှင့် နည်းပညာများကို အခြေခံ၍ ရောဂါစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို အစီအစဥ်ချ အကောင်အထည်ဖော်ခြင်းသည် သိပ္ပံနှင့် ကျန်းမာရေးသိပ္ပံတို့အတွက် အရေးကြီးပါသည်။ ဥပမာအားဖြင့်၊ ဇီဝဗေဒဆိုင်ရာ ဓာတုပစ္စည်းများ၏ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အနာဂတ်တွင် ဆေးဝါးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေသည်။ မော်လီကျူး ဇီဝဗေဒဆိုင်ရာ ပြဿနာများကို လေ့လာရန်အတွက် ဓာတုဗေဒဆိုင်ရာ စူးစမ်းလေ့လာရေး ဒီဇိုင်းကို အသုံးပြုသည်။ ဇီဝဗေဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် ဓာတုဗေဒနည်းလမ်းများကို အသုံးပြု၍ ဇီဝမော်လီကျူးများ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်မွမ်းမံမှုများအပေါ် မူတည်သည်။
ထို့အပြင်၊ ဇီဝမော်လီကျူးနည်းပညာသည် ၂၁ ရာစုတွင် ဇီဝဗေဒပညာရပ်များတွင် အရေးအကြီးဆုံးနယ်ပယ်တစ်ခုဖြစ်သည့် သက်ရှိသိပ္ပံပညာရပ်တစ်ခုဖြစ်သည်။ ဤခေတ်သစ်တွင် မော်လီကျူး ဇီဝဗေဒသိပ္ပံသည် ကွန်ပျူတာသိပ္ပံနှင့် ပေါင်းစပ်ထားသည်။ ဓာတ်ခွဲခန်းအခြေပြုသိပ္ပံကို သတင်းအချက်အလက်သိပ္ပံအဖြစ်သို့ ပြောင်းလဲပေးသည်။ မကြာသေးမီက ဤပညာရပ်ကို သုတေသနပြုခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အကျိုးကျေးဇူးများစွာ သက်ရောက်နိုင်သည်။ ဥပမာအားဖြင့်၊ ရှာဖွေတွေ့ရှိမှုအသစ်များကြောင့် ဆေးဘက်ဆိုင်ရာအသုံးပြုမှုများတွင် အကျိုးကျေးဇူးများ၊ မျိုးရိုးဗီဇအချက်အလက်၊ မျိုးရိုးဗီဇနှင့် အဏုဇီဝပိုးမွှားများ၊ အပင်များ၊ တိရိစ္ဆာန်များနှင့် လူသားများ၏ မျိုးရိုးဗီဇဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်စေပါသည်။ ယင်းသည် ကမ္ဘာတစ်ဝှမ်းရှိ သုတေသီများ၏ လုပ်ငန်းအတွက် အကျိုးရှိသော အသိပညာသစ်များ ဖန်တီးနိုင်စေကာ ရောဂါ၏ယန္တရားကို နားလည်သဘောပေါက်ခြင်းဖြင့် သုတေသနကို တည်ဆောက်နိုင်မည်ဖြစ်သည်။
လုပ်ငန်းခွင်သန့်ရှင်းရေးနှင့် ဘေးကင်းရေး
လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန်ဖြင့် တိုးမြင့်လျက်ရှိသည်နှင့်အမျှ စက်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍနှစ်ခုစလုံးတွင် ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် ခေတ်မီနည်းပညာကို အသုံးချခဲ့သည်။ ခေတ်မီနည်းပညာကို အသုံးပြုခြင်းသည် ဝယ်လိုအားပြည့်မီရန် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန်နှင့် လူအင်အားကို လျှော့ချရန်ဖြစ်သည်။ သို့သော်လည်း အချို့သော စက်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အလုပ်သမားများ လိုအပ်နေသေးပြီး ထိုအလုပ်သမားများ၏ သက်သာချောင်ချိရေးနှင့် ဘေးကင်းရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်သည် ရုပ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်၊ ဖုန်မှုန့်များ၊ ဓာတုပစ္စည်းများနှင့် အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ဘေးကင်းရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် လိုအပ်ပါသည်။ လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေးနှင့် ဘေးကင်းရေး အရာရှိများ၏ အခန်းကဏ္ဍသည် လုပ်ငန်းဆောင်ရွက်မှုကြောင့် ဖြစ်လာနိုင်သော အန္တရာယ်များကို သတိပြုရန်ဖြစ်ပါသည်။ အန္တရာယ်ရှိနိုင်သော အန္တရာယ်များကို အကဲဖြတ်ရန် ပတ်ဝန်းကျင် စောင့်ကြည့်ခြင်းအပြင် သင့်လျော်သော ကြိုတင်ကာကွယ်မှုနှင့် ထိန်းချုပ်မှု စီမံခန့်ခွဲမှုအား အော်ပရေတာများ မထိခိုက်စေရန် ဆောင်ရွက်ပါသည်။
ဤအသိဉာဏ်ပညာသည် နယ်ပယ်အသီးသီးရှိ ကျွမ်းကျင်သူများမှ စနစ်တကျ လေ့လာပြီး ကျင့်သုံးရန် မရှိမဖြစ် လိုအပ်ပါသည်။ စာသင်ခန်းရှိ သီအိုရီတစ်ခုလုံးကို လေ့လာခြင်း၊ လက်တွေ့လုပ်ငန်းခွင်များတွင် ဓာတ်ခွဲခန်းသုတေသနနှင့် ပညာရေးတို့ကို အလေးထားအာရုံစိုက်ကာ ဤစနစ်တကျလေ့လာမှုကို ပြုလုပ်ပါသည်။ ၎င်းသည် ပတ်ဝန်းကျင်ကျန်းမာရေးနှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းရေး နှစ်ခုလုံးတွင် ထိန်းချုပ်ထားသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကောင်စီ၏ စည်းမျဉ်းများကို လိုက်နာပါသည်။
ဆန်းသစ်တီထွင်သော ကျန်းမာရေးသိပ္ပံနှင့် ကျန်းမာရေး
ဆန်းသစ်တီထွင်သော ကျန်းမာရေးသိပ္ပံနှင့် ကျန်းမာရေးကဏ္ဍသည် လက်ရှိတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနယ်ပယ်တွင် လျင်မြန်စွာ ကျယ်ပြန့်လာပါသည်။ အကြောင်းမှာ ယနေ့ကမ္ဘာ့လူ့အဖွဲ့အစည်းသည် ဒစ်ဂျစ်တယ်အသွင်ဖြင့် အပြည့်ရှိနေသောကြောင့်ဖြစ်သည်။ လူတွေရဲ့ နေထိုင်မှုပုံစံသည် ခေတ်နဲ့အညီ ပြောင်းလဲလျက်ရှိပါသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူမှုရေးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အလုံးစုံသော ပျော်ရွှင်မှုကို ဂရုစိုက်သည့် လုပ်ငန်း သို့မဟုတ် လှုပ်ရှားမှုများသည် လူကြိုက်များပြီး စိတ်ဝင်စားမှု ပိုများလာသည်။ ရလဒ်အနေဖြင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းကြီးများမှ လုပ်ငန်းရှင်များအပြင် သုံးစွဲသူများသည် ဆန်းသစ်တီထွင်ပြီး ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အာရုံစိုက်လာကြသည်။ ထို့အပြင် အစားအစာနှင့် အဖျော်ယမကာ၊ ဗီတာမင်နှင့် ဖြည့်စွက်စာ၊ တက်ကြွစေသောအာဟာရ၊ အာဟာရနည်းပညာ၊ အားကစားနှင့် ချိတ်ဆက်ထားသော အသုံးအဆောင်၊ အိပ်စက်ခြင်း၊ စိတ်ကျန်းမာရေး၊ အလှအပနှင့် တစ်ကိုယ်ရေ စောင့်ရှောက်မှု၊ ခရီးသွားလာမှုနှင့် ဧည့်ဝတ်ပြုမှု၊ အမျိုးသမီး စောင့်ရှောက်မှု၊ လုပ်ငန်းဆိုင်ရာ ကျန်းမာရေးနှင့် e-Commerce အုပ်စုများစွာရှိ ဆေးဖက်ဝင်အပင်များထုတ်လုပ်သော ဆေးဝါးထုတ်ကုန်များ တိုးပွားလာပါသည်။ ထို့ကြောင့် ဆန်းသစ်တီထွင်မှုနှင့် ကျန်းမာရေးသိပ္ပံများ တည်ရှိနေခြင်းသည် ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ကျန်းမာရေးဈေးကွက်ကို တုံ့ပြန်သည့် အပြောင်းအလဲများကို အထောက်အကူဖြစ်စေရန် သိသာထင်ရှားပါသည်။ Download & form
-
Application fee (M.P.H. & M.Sc. : 500thb / Ph.D.: 1,000 thb) paid by transfer account & sent online Screen/slip
to This email address is being protected from spambots. You need JavaScript enabled to view it. by named Topic : Application fee of_(Curriculum)_Name_Year 202XAccount Name : College of Public Health Sciences Account Number: 038-4-33811-7 (Saving A/C) Bank: The Siam Commercial Bank (Public) Co.Ltd. SWIFT/ABA Code: SICOTHBK Branch: Siam Square Address: 222/1-7,244 Siam Square Soi 1, Phyathai Road,Pathumwan,Bangkok,10300,Thailand * Please note that CPHS will only contact applicants who successfully pass the initial screening of documents for an interview appointment
VISA Process
-
General Request Form Fill the Online from Download at you inbox and submitted with all VISA Application Material
via emailType Place & Process Documents Required Fees Education Visa
From MyanmarThai Embassy in Myanmar - မြန်မာ ထိုင်းသံရုံးတွင် လျှောက်ရန် 80 USD Tourist Visa
to
Education Visa
(Non-Ed)At Immigration Division 1 – Government Complex B, Thailand
- Passport
- Photos (2) (4x6 cm)
- TM-30 Updated (Immigration မှပေးသော Notified TM-30)
- Passport ရှေ့စာမျက်နှာ Copy
- Visa အဟောင်းစာမျက်နှာ Copy
- Visa expired date ပါသော စာမျက်နှာ Copy
- Acceptance Letter
- CPHS မှပေးထားသော စာရွက်စာတမ်းများ (Visa application form TM-7 ကိုဖြည့်သွားရန်)
- A letter issued by Chulalongkorn University in support of the application (in Thai)
- Acknowledgement of terms and conditions for a permit of temporary stay in the Kingdom of Thailand (STM.2)
2,000 Bahts Type Place & Process
Documents Required
Fees
Language School Visa to
Education Visa
(Non-Ed)Lao or Other country ထွက်ရမည်။
၁) လာအိုကို ထွက် > လာအိုရဲ့ ထိုင်းသံရုံးမှာ appointment ယူ > TR visa ကို လျှောက်ခဲ့ > ထိုင်းနိုင်ငံထဲပြန်ဝင် > (ထိုင်း) Government complex မှာ TR to ED ပြောင်းFor changing to TR visa in Laos
- Visa applicatin form
- 2 photos
- Passport
- Passport – Copy
- Bank statement (Single – 20,000 baht/person or 40,000 baht/person – 3 months) (Multiple – 200,000 baht/person – 6 months)
- Hotel booking, plane/train/bus ticket
Single Entry – 1000 Baht
Multiple-Entry – 5000 Baht၂) လာအိုကို ထွက် > လာအိုရဲ့ ထိုင်းသံရုံးမှာ appointment ယူ > ED visa ကိုလျှောက်
Facts to know
- Monday, Tuesday, Wednesday တွေမှာ သံရုံးသွားပြီး လျှောက်ရင် အဲ့ အပတ်အတွင်း ရတတ်တယ်
- eg, Tuesday မှာ လျှောက်ရင် Thursday မှာ ရတတ်ပါတယ်
- Thursday, Friday တွေမှာ လျှောက်ရင် နောက်အပတ်ထဲမှာမှ ရတတ်တယ်
- ခန့်မှန်းကြာချိန် - ၂ရက်မှ၃ရက်
Visa application form
2 photos
Passport
Acceptance letter Copy
Passport ရှေ့စာမျက်နှာ Copy
Chula မှ ထုတ်ပေးသော စာရွက်စာတမ်းများ
Bank statement - ၃ လစာ +/- Tuition fee payment receipt
Mobile banking ထဲမှာ 20000 Baht အနည်းဆုံးရှိရမည်။
Single Entry – 1000 Baht
Multiple-Entry – 5000 BahtType Place & Process Documents Required Fees Education Visa
(Non-Ed)
to
Education Visa
(Non-Ed)- CPHS မှ ဗီဇာလျှောက်ရန် လိုအပ်သော စာရွက်စာတမ်းများကို Daonapa ထံမှ ၁လကြိုပြီး တောင်းရန် (စာရွက်စာတမ်း ရရန် ကြာချိန် = ၁၀-၁၅ ရက်)
- တောင်းထားချိန် အတွင်း Previous University မှ Visa cancellation letter ကို CPHS မှ စာရွက်စာတမ်းများ ရမည့်ရက်စွဲနှင့် ချိန်၍ ထုတ်ယူရမည်။
- Visa cancellation stamp အား cancellation date မတိုင်မီ မိမိ Visa ရရှိခဲ့သည့် Immigration Center တွင် သွားရောက် တံဆိပ်တုံးထုရမည်။
- Daonapa ထံမှ စာရွက်စာတမ်းများ ရရှိလျှင် ထိုစာရွက်စာတမ်းများနှင့်တကွ Government Complex (Immigration Center-Laksi) တွင် ဗီဇာအသစ် လျှောက်ရမည်ဖြစ်သည်။ Appointment ကြိုယူရန်မလိုပါ။
- For Visa cancellation – Visa cancellation letter, Passport မူရင်း+copy (ရှေ့စာမျက်နှာ, Visa စာမျက်နှာ နှင့် တုံးထုထားသော စာမျက်နှာများ)
- For New Visa
- Passport
- Photos (2) (4x6 cm)
- TM-30 Updated (Immigration မှပေးသော Notified TM-30)
- 90 days report (60 THB) (နောက်ဆုံး Online မှတင်ထားလျှင် တင်ထားပြီးကြောင်း PDF အား print သွားရန်)
- Acceptance letter Copy
- Passport ရှေ့စာမျက်နှာ Copy
- Visa အဟောင်းစာမျက်နှာ Copy
- Visa expired date ပါသော စာမျက်နှာ Copy
- Visa cancellation stamp ထုထားသော စာမျက်နှာ Copy
- CPHS မှပေးထားသော စာရွက်စာတမ်းများ (Visa application form TM-7 ကိုဖြည့်သွားရန်)
2,000 Bahts Visa Extension ED visa ပထမအကြိမ် ၃-လ ရပြီးနောက် extension တိုးမည်ဆိုပါက - visa သက်တမ်းမကုန်မှီ ၁လ အကြို တွင် chula (Ms. Daonapa) မှ လိုအပ်သည့်စာရွက်စာတမ်းများကို တောင်းထားပါရန် - Passport
- Photos (2) (4x6 cm)
- TM-30 Updated (Immigration မှပေးသော Notified TM-30)
- Passport ရှေ့စာမျက်နှာ Copy
- Visa အဟောင်းစာမျက်နှာ Copy
- Visa expired date ပါသော စာမျက်နှာ Copy
စာရင်းပေးသွင်းခြင်း လုပ်ငန်းစဥ်ကျောင်းဝင်ခွင့်ရသူ
#
ကျောင်းဝင်ခွင့်လက်ခံစာရရှိ
ကျောင်းဝင်ခွင့်လက်ခံစာကို အသုံးပြု၍ Miss Daonapa ဆီမှ ကျောင်းဗီဇာ လျှောက်ရန် လိုအပ်သော စာရွက်စာတမ်းကို တောင်းခံပါ။
Ms. Daonapa ဆီသို့ပို့ရန် စာရွက်စာတမ်းများ
- G01 General Request Form
- ကျောင်းဝင်ခွင့်လက်ခံစာ
- နိုင်ငံကူးလက်မှတ် ( သက်တမ်းကုန်ရန် အနည်းဆုံး ၆လ အလို ဖြစ်ရမည်)
- မိမိ နေရပ်ရှိ ထိုင်းသံရုံး၏ အမည်နှင့် လိပ်စာအပြည့်အစုံ
Ms. Daonapa ဆီမှ အီမေးလ်မှတဆင့် ဗီဇာလျှောက်ရန် စာရွက်စာတမ်းများ ရရှိပါက
- မိမိ နေရပ်ရှိ ထိုင်းသံရုံး သို့မဟုတ် လူဝင်မှု ကြီးကြပ်ရေးဌာန သို့ ထိုစာရွက်စာတမ်းများနှင့်တကွ ဆက်သွယ်ပြီး ဗီဇာလျှောက်ထားခြင်း လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ပါ
#
- မိမိစရိတ်ဖြင့် မိမိဘာသာ တက်ခြင်း
- ပညာတော်သင်ဆု လျှောက်ထားသူ စာရင်းဝင်
ကျောင်းဝင်ခွင့်ရသူများကို ကြော်ညာပြီးနောက် ပညာတော်သင်ဆု လျှောက်ထားရန် အရည်အချင်းပြည့်မှီသူများ (အဂ်လိပ်စာအမှတ်, GPA, စာတမ်းထုတ်ဖူးသော အတွေ့အကြုံ, ရုံးချုပ်မှ ရွေးချယ်သူ ) ကိုသာ ပညာသင်ဆုလျှောက်ထားရန်အတွက် email မှတဆင့် ဖိတ်ခေါ်စာ ရရှိပါမည်.
ပညာတော်သင်ဆု လျှောက်ထားရန် ဖိတ်ခေါ်ခြင်းခံရသော ကျောင်းသားကျောင်းသူများသည် CPHS မှ စီစဥ်ပေးသော google drive ထဲတွင် လိုအပ်သော စာရွက်စာတမ်းများကို တင်ပေးခြင်းဖြင့် လျှောက်ထားနိုင်ပါသည်.
Chulalongkorn University ၏ မူဝါဒအသစ်အရ CPHSသည် ပညာတော်သင်ဆုများကို ကျောင်းစရိတ်၏ ၃၀ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လူဦးရေအနည်းအငယ်ကိုသာ ပေးအပ်ပါမည်
အရေးကြီးအချက် - အရည်အချင်းပြည့်မှီသော်လည်း ပညာတော်သင်ဆု ရရှိနိုင်ရန်မှာ ခန့်မှန်းခြေ ၂၀ မှ ၃၀ ရာခိုင်နှုန်းသာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းရရှိနိုင်ရန်မသေချာပါ.
#
Online မှတဆင့် ပထမဆုံးအကြိမ် စာရင်းပေးသွင်းခြင်းနှင့် အတန်း အပ်နှံခြင်း (www.reg.chula.ac.th)
ပြည်သူ့ကျန်းမာရေး - နိုဝင်ဘာ ၁၈ ၂၀၂၄
ပြည်သူ့ကျန်းမာသိပ္ပံ - ဒီဇင်ဘာ ၁၁ ၂၀၂၄
#
ကျောင်းသားအသစ်များအား ကြိုဆိုပွဲအခမ်းအနားသို့ မတိုင်မှီ ၂ပတ်အတွင်း ဘန်ကောက်သို့ အရောက်လာပါရန်
#
CUNEX application နှင့် ချိတ်ဆက်ပြီး ဘဏ်အကောင့်ဖွင့်ခြင်း
Ms. Daonapaဆီသို့ အောက်ပါ စာရွက်စာတမ်းများကို ပို့ပေးရန်
- G01 General Request Form
- ကျောင်းဝင်ခွင့်လက်ခံစာ
- နိုင်ငံကူးလက်မှတ် နှင့် ဗီဇာပါသော စာမျက်နှာ ( သက်တမ်းကုန်ရန် အနည်းဆုံး ၆လ အလို ဖြစ်ရမည်)
- မိမိ လျှောက်မည့် Kasikorn bank ၏ အမည်နှင့် လိပ်စာအပြည့်အစုံ
- Siam Square branch ကို စာရွက်စာတမ်းနှင့် နိုင်ငံကူးလက်မှတ်ယူပြီး bank account ဖွင့်ပါ.
#
CUNEX မှတဆင့် ကျောင်းလခပေးသွင်းခြင်း
ပြည်သူ့ကျန်းမာရေး - ဒီဇင်ဘာ ၁, ၂၀၂၄
ပြည်သူ့ကျန်းမာသိပ္ပံ - ဇန်နဝါရီ ၃, ၂၀၂၅
နောက်ဆုံးပေးသွင်းခြင်းနှင့် နောက်ကျကြေး
ပြည်သူ့ကျန်းမာရေး - ဒီဇင်ဘာ ၂ ရက်နေ့မှ ၁၃ရက်နေ့ ၂၀၂၄
ပြည်သူ့ကျန်းမာသိပ္ပံ - ဇန်နဝါရီ ၆ ရက်နေ့မှ ၁၇ရက််နေ့၂၀၂၅
အထက်ဖော်ပြပါ ရက်စွဲများအား ကျော်လွန်ပါက headquarterမှ ကျောင်းသားစာရင်းမှ ပယ်ဖျက်မည်
#
ကျောင်းသားအသစ်များကြိုဆိုပွဲအခမ်းအနား တက်ရောက်ခြင်း
နိုဝင်ဘာ ၁၉ ၂၀၂၄
ပညာတော်သင်ဆုရလျှောက်ရန် ရွေးချယ်ခံထားရသူများသည် အခမ်းအနားသို့ ပညာသင်ဆုစာရင်းကို မကြေညာရသေးသော်လည်း ပညာသင်ဆုကို ရရှိရန် လူကိုယ်တိုင် တက်ရောက်ရမည်.
#
အတန်းများစတင်ဖွင့်လှစ်ခြင်း
ပြည်သူ့ကျန်းမာရေး - ဒီဇင်ဘာ ၂, ၂၀၂၄
ပြည်သူ့ကျန်းမာသိပ္ပံ - ဇန်နဝါရီ ၆, ၂၀၂၅
ပထမဆုံးအကြိမ် စာရင်းပေးသွင်းခြင်းနှင့် အတန်း အပ်နှံခြင်း, ကျောင်းလခပေးသွင်းခြင်းများကို
ပြည်သူ့ကျန်းမာရေး - ဒီဇင်ဘာ ၂ ရက်နေ့မှ ၁၃ရက်နေ့ ၂၀၂၄
ပြည်သူ့ကျန်းမာသိပ္ပံ - ဇန်နဝါရီ ၆ ရက်နေ့မှ ၁၇ရက််နေ့၂၀၂၅ အတွင်း မပြုလုပ်နိုင်ခဲ့ပါက headquarterမှ ကျောင်းသားစာရင်းမှ ပယ်ဖျက်မည်.
Student Voice
-
VDO Interview (Public Health) << Click Here VDO Interview (Public Health Sciences) : Coming Soon
Voice of Studentချူလာလောင်ကွန်းတက္ကသိုလ် ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်ရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာထက်ဇော်ရှိန်သည် ပြည်သူ့ကျန်းမာရေးပညာမဟာဘွဲ့ကို အာဆီယံပညာသင်ဆုနှင့် ၂၀၂၂ ခုနှစ်မှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ မဟာဘွဲ့ယူစာတမ်းကို ကရင်ပြည်နယ်စစ်ဘေးရှောင်ဒေသများအတွက် ပြုစုခဲ့ပြီး ထူးချွန်အဆင့်ဖြင့် တင်သွင်းအောင်မြင်ခဲ့ပါတယ်။ ၂၀၂၃ မှာလည်း Second Century Fund ပညာသင်ဆုဖြင့် ပြည်သူ့ကျန်းမာရေးပညာပါရဂူဘွဲ့ကို ဆက်လက်တက်ရောက်နေပါတယ်။ သူ့ရဲ့ အိပ်မက်နဲ့ နိုင်ငံအတွက်ခံယူချက်တွေအကြောင်းလေ့လာကြည့်ရအောင်။ Q1: သင့်နိုင်ငံလေးရဲ့လက်ရှိနဲ့ အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ကျွန်တော် မြန်မာပြည်တောင်ပိုင်းက ကရင်လူမျိုးစုတွေဆီက ပြည်သူ့ကျန်းမာရေးဆိုတာကို ပထမဆုံးသင်ယူခဲ့ရတာပါ။ အခု Interview ကိုလည်း သူတို့ကိုယ်စားဖြေဆိုသွားမှာပါ။ ကျွန်တော်တို့ သိထားပြီးတဲ့အတိုင်း နိုင်ငံတည်ငြိမ်အေးချမ်းမှုက နိုင်ငံသူနိုင်ငံသားတစ်ယောက်ချင်းစီရဲ့ ပြီးပြည့်စုံသော ကျန်းမာရေးအတွက် ပဓာနအလွန်ကျပါတယ်။ ဒါကြောင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ တိုင်းရင်းဒေသတွေတင်မကပဲ မြန်မာပြည်သူတွေအတွက် အခုကာလမှာတော့ ပြီးပြည့်စုံတဲ့ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီဖို့ ကန့်သတ်ချက်တွေ အခုထိရှိနေပါသေးတယ်။ Q2: ပြည်သူ့ကျန်းမာရေးပညာရပ််ကို အထူးပြုလေ့လောဖို့ တွန်းအားလေးတွေ ကရင်တိုင်းရင်းသားအထူးဒေသတစ်ခုမှာ စစ်ဘေးရှောင်စခန်းတာဝန်ကျ ဆရာဝန်တစ်ယောက်အနေနဲ့ ပထမဆုံးတာဝန်ကျခဲ့တုန်းက သူတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေအတွက် ရုန်းကန်နေကြဆဲဖြစ်တဲ့ ချစ်စရာလူမျိုးစုလေးနဲ့ ကျွန်တော်ဆုံတွေ့ခွင့်ရခဲ့တယ်။ ကရင်လူမျိုးတစ်ယောက်မဟုတ်တဲ့ ကျွန်တော့်အပေါ်မှာ သူတို့ရဲ့ ကျန်မာရေးကိစ္စရပ်တွေအတွက် ယုံကြည်အားကိုးတယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်းကြီးခံစားမိတယ်။ “ဒါပလု ဖာထု” ဆိုတဲ့ သူတို့ရဲ့ ကျေးဇူးတရားကို ဖော်ပြတဲ့ ရည်မွန်ဖော်ရွေတဲ့ သူတို့ရဲ့ မေတ္တာစကားတွေက ကျွန်တော့်ကို အမြဲတမ်းယုံကြည်မှုခွန်အားဖြစ်စေခဲ့ပြီး အခုပြည်သူ့ကျန်းမာရေးကဏ္ဏကို ဆက်လက်လျှောက်လှမ်းဖို့ တွန်းအားတစ်ခုဖြစ်လာခဲ့တာပါ။ ကျွန်တော်ချစ်ရတဲ့ ဒီလူမျိုးစုလေးကြောင့် ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဏမှာ ဆက်လက်ပါဝင်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖြစ်ခဲ့ပါတယ်။ Q3: ပြည်သူ့ကျန်းမာရေးပညာရှင်တစ်ဦးအနေနဲ့ ခံယူချက် ဆန္ဒနဲ့ အိပ်မက် ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ ပြည်သူတွေလိုချင်တဲ့ နိုင်ငံတစ်ခုကို မကြာခင်ဖန်တီးနိုင်မယ်ဆိုတာကိုပါ၊ ကျွန်တော်တို့ပြည်သူတွေရဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ သက်သေပြနိုင်တာက ကျွန်တော်တို့မှာ လုပ်နိုင်စွမ်း၊ ခွန်အား၊ အရည်အချင်းအပြည့်နဲ့ လူငယ်တွေရှိတယ်။ နည်းပညာကျွမ်းကျင်မှု လူသားအရင်းအမြစ်တွေနဲ့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြည်သူတို့လက်လှမ်းမီနိုင်စေမယ်။ ဒါက အခုကြုံတွေ့နေရတဲ့ ကျန်းမာရေးသာတူညီမျှမှုမရှိတာတွေ ကျန်းမာရေးပြဿနာတွေကို လျော့ချနိုင်မှာပါ။ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးပညာရှင်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်ကို သဘောတရားအနေနဲ့ကော ပြည်သူလူထုရဲ့ရပ်တည်နိုင်စွမ်းဘက်ကပါ တစ်ဖန်အားကောင်းလာစေဖို့ စိတ်အားထက်သန်မှုအပြည့်နဲ့ အဆင်သင့်ပါ။ ပဋိပက္ခနဲ့ နောက်ဆက်တွဲတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးသာတူညီမျှမှုအခြေအနေတွေကို ကျွန်တော့်ရဲ့ ပါရဂူဘွဲ့အတွက် အကောင်းဆုံးလေ့လာဆည်းပူးသွားမှာပါ။ Q4: ည်သူ့ကျန်းမာရေးသိပ္ပံကောလိပ်က ဘာလို့ရွေးချယ်စရာဖြစ်ခဲ့တာလဲ ချူလာလောင်ကွန်းတက္ကသိုလ်အကြောင်းဘဲ ပြည်သူ့ကျန်းမာရေးသိပ္ပံကောလိပ် အကြောင်း အရင်ပြောရင် မတရားဘူးပေါ့။ ကျွန်တော်အမြဲပြောခဲ့သလို ချူလာလောင်ကွန်းတက္ကသိုလ်က ကျွန်တော့်အတွက် ဘယ်တော့မှ မတော်တဆရွေးချယ်မှုမဟုတ်ခဲ့ပါဘူး။ ကျွန်တော် ဘွဲ့ကြိုတန်းကတည်းက ချူလာလောင်ကွန်းက ကျွန်တော့်အတွက် အိပ်မက်တက္ကသိုလ်ဖြစ်ခဲ့တာပါ။ ပညာရပ်ဆိုင်ရာကောင်းမွန်တဲ့ ဂုဏ်သတင်းတွေ အစဉ်အလာကြီးတာတွေအပြင် မြန်မာ၊ ကရင် နဲ့ ထိုင်းလူမျိုးတွေအကြားက ဆက်နွယ်မှုလေးတစ်ခုက ကျွန်တော့်ရဲ့ ဘွဲ့လွန်ပညာလေ့လာမှုတွေအတွက် ချူလာကို တစ်ခုတည်းသောရွေးချယ်မှုဖြစ်စေခဲ့တာပါ။ ကျွန်တော့်အတွက်ကတော့ CPHS က ကျင့်ဝတ်နဲ့ပညာရှင်ဆန်မှုအပြင် အများအကျိုးစွန့်လွှတ်တတ်တာ စွမ်းရည်နဲ့ပြည့်စုံတာတွေကို သင်ကြားပေးနိုင်တဲ့ အနာဂတ် ပြည်သူ့ကျန်းမာရေးပညာရှင်တွေမွေးထုတ်ရာမြေပါပဲ။ Q5: အိပ်မက်များဆိီသို့ ခြေလှမ်းများ အိပ်မက်တွေကိုအကောင်အထည်ဖော်ရတာက သိပ်ပြီး ရင်ခုန်အံ့သြဖွယ်ကောင်းပါတယ်။ အခက်အခဲအတား အဆီးကြီးကြီးမားမားတွေရှိတဲ့ လူတစ်ယောက်အတွက်ဆိုရင် စိန်ခေါ်မှုတွေပိုပြီးများပါတယ်။ နိုင်ငံနဲ့လူမျိုးအတွက် ခိုင်မာတဲ့ကတိစိတ်ထားနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အရင်းခံတဲ့ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နေတာ ကိုယ့်ကျွမ်းကျင်ရာနယ်ပယ်မှာ အကောင်းဆုံးထမ်းဆောင်နေတာက စိန်ခေါ်မှုတွေကြားကြိုးစားရပ်တည်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် အကောင်းဆုံးတာဝန်ကျေပွန်မှုလို့ ကျွန်တော်က ယုံကြည်ထားပါတယ်။ အခုလိုကာလအတွင်း နဲ့ ကာလအလွန်တွေမှာ လိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် သင်တတ်မြောက်ထားတဲ့ ဗဟုသုတတွေနဲ့ ပါဝင်အားဖြည့်ပေးဖို့က အလွန်အရေးကြီးပါတယ်။ အကြံပြုချက်ကတော့ သင့်ကိုသင်ပြင်ဆင်ပါ။ အခွင့်အရေးအားလုံးကိုအမိအရလှမ်းကိုင်ပါ။ နိုင်ငံရဲ့ လိုအပ်ချက် နဲ့ နိုင်ငံသူနိုင်ငံသာတွေ အမှန်တကယ်ကြုံတွေ့ခံစားနေရတာအတွက် ပညာရပ်ကဏ္ဏကနေကို ထင်ဟပ်ပြနိုင်ဖို့အကောင်းဆုံးကြိုးစားပါ။ အခု စဖို့ အချိန်တန်ပါပြီ။ English Condition
-
• CU-TEP: An Alternative English Proficiency Exam
ကိုယ်ပိုင်ကျန်းမာရေးသိပ္ပံများကျောင်း (CPHS) တွင် တက်ရောက်ရန် အင်္ဂလိပ်ဘာသာစွမ်းရည်လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ IELTS သို့မဟုတ် TOEFL
ကဲ့သို့သော အသိအမှတ်ပြုထားသည့် စစ်ဆေးမှုများမှ တရားဝင် အမှတ်စာရင်းများကို တင်ပြရမည်ဖြစ်သည်။ အဆိုပါအမှတ်များသည် လိုအပ်ချက်များကို ပြည့်စုံရမည်သာမက သင်တန်းမူလရက်မှစ၍ နှစ်နှစ်မကျော်လွန်ရပါ။မြန်မာနိုင်ငံရှိ တက္ကသိုလ်များအများစုတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသော်လည်း အင်္ဂလိပ်ဘာသာဖြင့် တက်ရောက်ခဲ့သည့် ဘွဲ့တစ်ခု ရှိခြင်းသာဖြင့် အင်္ဂလိပ်စွမ်းရည်အမှတ် တင်ပြခြင်းမှ လွှတ်မြောက်ခြင်းမရရှိနိုင်ပါ။ အင်္ဂလိပ်ဘာသာဖြင့် တက်ရောက်ခဲ့သည့် ဘွဲ့နှင့်အတူ ဝင်တန်းခွင့် ရရှိသော်လည်း ဘွဲ့နှင်းသဘင်မတက်ခင် အင်္ဂလိပ်စွမ်းရည်အမှတ်တစ်ခုကို တင်ပြရန် လိုအပ်ပါမည်။ ၎င်းသည် ဘွဲ့ရရရှိရန် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်စွမ်းရည်အမှတ် ရှိခြင်းသည် အခြားအခွင့်အလမ်းများဖြစ်သော သင်တန်းကြေးအကူအညီအတွက် ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်နိုင်ပါသည်။
အခြားနည်းလမ်းအနေနှင့် ကျောင်းသားများသည် Chulalongkorn University Test of English Proficiency (CU-TEP) စစ်ဆေးမှုကို စဉ်းစားနိုင်ပါသည်။ ဤစစ်ဆေးမှုသည် စျေးနှုန်းသက်သာသော်လည်း ထိုစစ်ဆေးမှုကို ထိုင်းနိုင်ငံတွင်သာ ဖြေဆိုရန် လိုအပ်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် ကျေးဇူးပြု၍ တရားဝင်လမ်းညွှန်ချက်များကို ကြည့်ရှုပါ သို့မဟုတ် ကျွန်ုပ်တို့နှင့် တိုက်ရိုက်ဆက်သွယ်ပါ။